









ABOUT OSAKAအိုဆာကာနှင့်ပတ်သက်၍
နေထိုင်၍ကောင်းသည့်မြို့ ကမ္ဘာ့အဆင့်4 ရှိသော "အိုဆာကာ" ၏ "SENMON GAKKO" ကိုသိပါသလား?
"ကမ္ဘာပေါ်တွင် နေထိုင်၍အကောင်းဆုံးမြို့အဆင့်2019" တွင် ကမ္ဘာ့အဆင့်4 ဖြစ်သည့် အိုဆာကာ။ ဂျပန်နိုင်ငံတွင်နေထိုင်သည့် နိုင်ငံခြားသား10% ခန့် နေထိုင်စားသောက်နေပြီး၊ နှစ်စဉ် နိုင်ငံခြားသား ခရီးသွား10သန်းကျော်သည် ကမ္ဘာတစ်ဝှမ်းမှ လာရောက်လည်ပတ် လျက်ရှိပါသည်။ ကမ္ဘာပေါ်တွင် အရေအတွက် အနည်းငယ်သာရှိသော မြို့ကြီးတစ်မြို့ဖြစ်သော်လည်း အိမ်ငှားခနှင့် စားသောက်စရိတ်များ သည် အလွန်သက်သာပြီး နေထိုင်ရလွယ်ကူသောကြောင့် အထူး ကျွမ်းကျင်မှုဆိုင်ရာ နည်းပညာများကို လေ့လာရန်အတွက် များစွာသောနိုင်ငံခြားသားပညာတော်သင်များသည် SENMON GAKKO များတွင် ပညာသင်ယူလျက်ရှိပါသည်။
SENMON GAKKOSENMON GAKKOနှင့်ပတ်သက်၍
SENMON GAKKOသည် ဂျပန်နိုင်ငံ၏အထက်တန်းပညာရေးဌာနဖြစ်ပြီး လူ့ဘောင် အဖွဲ့အစည်း၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးထားသည့်နယ်ပယ်8ခုအဖြစ် ခွဲခြားထား ပါသည်။ အမျိုးအစားစုံလင်၍ လက်တွေ့ကျသည့်ပညာရေးကို သင်ကြားပေးလျက်ရှိပြီး၊ ဘွဲ့ရပြီးနောက်တွင် ချက်ချင်းလုပ်ငန်းခွင်ဝင်ရောက်နိုင်သူများအဖြစ် တက်ကြွစွာ လုပ်ဆောင်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိပါသည်။ များစွာသောကျောင်းများသည် အတန်းပိုင်ဆရာစနစ်ဖြစ်ပြီး စာသင်ယူမှု၊ နေထိုင်မှု၊ အလုပ်အကိုင်အခွင့်အလမ်းစသည့် ပညာတော်သင်ကျောင်းသားများ၏ကျောင်းသားဘဝကို ထောက်ပံ့ပေးလျက်ရှိပါသည်။ နိုင်ငံခြားသားပညာတော်သင်ကျောင်းသားများအတွက် စိတ်ချလုံခြုံပြီး စာလေ့လာနိုင်သည့် ပတ်ဝန်းကျင်များကို ပြင်ဆင်ထားရှိလျက်ရှိပါသည်။
2019ခုနှစ် အိုဆာကာစီရင်စု SENMON GAKKO ပညာတော်သင် ကျောင်းသား အချိုး※
SENMON GAKKOကျောင်းသား10 ယောက်တွင်တစ်ယောက်သည် ပညာတော်သင်ကျောင်းသား
ပညာေတာ်သင်ေ ျာင်းသား: 8,742 ဦး/ ဂျပန်ေ ျာင်းသား: 60,150 ဦး
အိုဆာကာစီရင်စု အိုဆာကာ၏ကျောင်းစာရင်းအင်း (ကျောင်းအခြေခံစစ်တမ်း အတည်ပြုချက်) 2019 ခုနှစ် စာရင်းအင်းဒေတာအရ
※အထက်တန်းSENMON GAKKO၊ ကြိုတင်ပြင်ဆင်ထားသည့် ပညာရေးသင်ရိုးများအပါအဝင်
http://www.pref.osaka.lg.jp/toukei/gakkou_k/gakkou-ex01.html
http://www.pref.osaka.lg.jp/kokusai/ryugakuseisuu/index.html
ဘွဲ့ရကျောင်းသားသစ်များ၏အလုပ်အကိုင်အခွင့်အလမ်းအပြောင်းအလဲ (အလုပ်ရရှိသူ စုစုပေါင်း ÷ ဘွဲ့ရသူအားလုံး)
SENMON GAKKOသည် "အလုပ်အကိုင် အတွက်အားသာသည့်" ကျောင်းဖြစ်သည်။
SENMON GAKKOနှင့် တက္ကသိုလ်များ၏ အလုပ်အကိုင် အခွင့်အလမ်းများကိုနှိုင်းယှဉ်ကြည့်ပါလျှင် အပြောင်းအလဲမရှိ SENMON GAKKOသည် ပိုမိုမြင့်မားကြောင်း သိရှိနိုင်ပါသည်။
ABOUT USတက္ကသိုလ်အထူးပြုကျောင်းများ ပညာတော်သင်ကျောင်းသားထောက်ပံ့ရေးဆိုဒ်နှင့်ပတ်သက်၍
တက္ကသိုလ်အထူးပြုကျောင်းသည် အိုဆာကာစီရင်စုမှအတည်ပြုထားသည့် SENMON GAKKOစသည်များက အဖွဲ့ဝင်အဖြစ်စုစည်းတည်ထောင်ထားသည့် အဖွဲ့အစည်းဖြစ်ပါသည်။ တက္ကသိုလ်အထူးပြုကျောင်းများ ပညာတော်သင်ကျောင်းသား ထောက်ပံ့ရေးဆိုဒ်တွင် နိုင်ငံခြားသားပညာတော်သင်ကျောင်းသားများ၏ ဂျပန်ပညာတော်သင်အားထောက်ပံ့ရန် ရည်ရွယ်ချက်ဖြင့် SENMON GAKKO၏ ဗွီဒီယိုများကိုစုစည်းပေးထားသည့် "SENMON GAKKO MOVIE"များ၊ SENMON GAKKOမှဘွဲ့ရခဲ့သည့် နိုင်ငံခြားသားပညာတော်သင်ကျောင်းသား အင်တာဗျူး "အလုပ်လုပ်နေသည့်၊ တက်ကြွလှုပ်ရှားနေသည့်ဘွဲ့ရသူများ"၊ အလုပ်ဗီဇာစသည်တို့၏ သတိထားရမည့်အချက်များကိုစုစည်းထားသည့် အကြောင်းအရာများ ကို ပေးပို့နေပါသည်။
ACCEPTED SCHOOLလက်ခံသည့်ကျောင်းစာရင်းနှင့်ပတ်သက်၍
ပညာတော်သင်ကျောင်းသားလက်ခံသည့်စာရင်းအကြောင်းအရာတွင် နိုင်ငံခြားသား ပညာတော်သင်ကျောင်းသားများကို တက်ကြွစွာလက်ခံနေသည့် အိုဆာကာ၏ SENMON GAKKO များကိုစုစည်းထား၍ မိတ်ဆက်ထားသည်။ နယ်ပယ်နှင့် free word ရှာဖွေခြင်းဖြင့် စိတ်ဝင်စားသည့်ကျောင်းကိုအလွယ်တကူရှာဖွေနိုင်ပါသည်။ ကျောင်းတစ်ခုစီ၏ လက်ရှိပညာတော်သင်ကျောင်းသားများ၏ နိုင်ငံသား၊ အလုပ်အကိုင်အခွင့်အလမ်း၊ ကျောင်းစရိတ်စသည့်အချက်အလက်များသာမက SENMON GAKKO MOVIEများ၊ ဘွဲ့ရသူများ၏အင်တာဗျူးများနှင့်လည်း ချိတ်ဆက်ထားသည့်အတွက်ကြောင့် သိလိုသည့်အချက်အလက်များကို စုစည်း၍စစ်ဆေးကြည့်ရှုနိုင်ပါသည်။